Shopping cart:  0 item(s) - $0.00
Terms & Conditions
Zawgyi Version
၂. ရောင်းချလိုသော ဈေးနှုန်းနှင့် ကုန်ပစ္စည်း အရေအတွက်ကို တိကျမှန်ကန်စွာ ဖြည့်သွင်း ဖော်ပြ ရမည်။
၎. ရောင်းချသူမှ ပေးထားသော အာမခံချက်များ အတိုင်း အပြည့်အ၀ တာဝန်ယူ ဖြေရှင်း ဆောင်ရွက်ရမည်
Unicode Version
SkyDream Online Market တွင်  ရောင်းချသူများသည် အောက်ပါ စည်းမျဉ်းစည်းကမ်းများ အား လိုက်နာရပါမည်
 ၁. ရောင်းချသူ (Seller) မှ ရောင်းချလိုသော ကုန်ပစ္စည်း (Products) ၏ မှန်ကန်သော အချက်အလက်၊ မှန်ကန်သော ဓါတ်ပုံ၊ ဗွီဒီယို ဖိုင်များကိုသာ ဖော်ပြရမည်။ ရောင်းကုန် ပစ္စည်းများနှင့် ဆိုင်သော အကြောင်းအရာများကိုသာ ဖြည့်စွက်ဖော်ပြရမည်။
၂. ရောင်းချလိုသော စျေးနှုန်းနှင့် ကုန်ပစ္စည်း အရေအတွက်ကို တိကျမှန်ကန်စွာ ဖြည့်သွင်း ဖော်ပြ ရမည်။
၃. ရောင်းချသော ကုန်ပစ္စည်းများတွင် ဖြည့်သွင်းထားသော အချက်အလက်များ အားလုံး မှန်ကန်ကြောင်းနှင့် မူပိုင်ခွင့်များ အားလုံးကို ရောင်းချသူ ကာယကံရှင်မှ တာဝန်ယူရမည်။
၄. ရောင်းချသူမှ ပေးထားသော အာမခံချက်များ အတိုင်း အပြည့်အဝ တာဝန်ယူ ဖြေရှင်း ဆောင်ရွက်ရမည်
၅. ရောင်းကုန် ပစ္စည်းများ အားလုံး၏ အမြတ်ခွန်၊ ၀င်ငွေခွန် အားလုံးတို့သည် ရောင်းချသူနှင့်သာ သက်ဆိုင်ကြောင်း တာဝန်ယူ လက်ခံရမည်။
၆. ရောင်းချသူသည် ကုန်ပစ္စည်းအား အိမ်တိုင်ရာရောက် ပို့နိုင်ရမည်။ အနည်းဆုံး ရန်ကုန်မြို့တွင်း ပို့နိုင်ပြီး နယ်ကဝယ်ယူသည် ဖြစ်ပါက ကားဂိတ် အရာက်ပို့နိုင်ရမည်။
၇. ရောင်းချပြီး ရရှိသောငွေကို Delivery Complete ဖြစ်ပြီး နောက် ၄ရက်အတွင်း  ပြသနာတစုံတရာ မဖြစ်ပေါ်မှသာလျင် ရောင်းချသူ၏ ဘဏ်အကောင့်အတွင်းသို့ SkyDream Online Market မှ သတ်မှတ်ထားသည့် commission အား ဖြတ်တောက်ပြီး ပေးအပ်သွားမည်။
၈. commission ဖြတ်တောက်ရာတွင် ရောင်းချပြီးသည့်ပစ္စည်း တခုချင်းစီးပေါ်တွင်သာ ဖြတ်တာက်ပါမည်။ လစဉ်ကြေးမရှိပါ။
၉. ကုန်ပစ္စည်းအား refund ပြန်လုပ်ပါက seller မှ transaction fee ပေးရမည် ဖြစ်သည်။
၁၀. ကုန်ပစ္စည်း(product) တင်ရာတွင် ၅၀၀၀ ကျပ်နှင့် အထက်သာ တင်ခွင့်ပေးပါမည်။
အထက်အချက်များကို လိုက်နာနိုင်မည်ဖြစ်ပါက ရောင်းချသူ၏ (လုပ်ငန်းလိုင်စင်) သို့မဟုတ် (မှတ်ပုံတင် နှင့် သန်းခေါင်စာရင်) အား scan ဖတ်ပြီး [email protected] သို့ email ပေးပို့ရမည်။(လုပ်ငန်းလိုင်စင်) သို့မဟုတ်( မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း)အား email ဖြင့်ပို့ပြီး ပါက User Guide for Seller.pdf ဖိုင်ကို Seller ၏ email သို့ attachment ဖြင့် ပေးပို့သွားမည် ဖြစ်သည်။
SkyDream Online Market တွင်  ၀ယ်ယူသူများသည် အောက်ပါ စည်းမျဉ်းစည်းကမ်းများ အား လိုက်နာရပါမည်
၁. ကုန်ပစ္စည်း ၀ယ်ယူရာတွင် ကြိုတင် ငွေချေသည့် စနစ်ကို အသုံးပြုထားပါသည်။
၂. ကုန်ပစ္စည်း ၀ယ်ယူရာတွင် MPU Card ဖြင့် တိုက်ရိုက် ၀ယ်ယူခြင်၊ ဘဏ်မှ ငွေတိုက်ရိုက်လွှဲသည့် Bank Transfer ဖြင့် ၀ယ်ယူခြင်း၊ Myanpay တဆင့်ခံဖြင့် ၀ယ်ယူခြင်း နှင့် PayPal တဆင့်ခံဖြင့် ၀ယ်ခြင်း (၄)မျိုးဖြင့် ၀ယ်ယူနိုင်ပါသည်။
၃. ကုန်ပစ္စည်း ၀ယ်ယူရာတွင် ရောင်းချသူမှ မသာမာမှု တခုခု ပြုလုပ်ထားပါက ကုန်ပစ္စည်း ၀ယ်သူထံသို့ ရောက်ရှိပြီးနောက် ၂ ရက် အတွင်း [email protected] သို့ ဖြစ်စေ ၊ [email protected] သို့ ဖြစ်စေ email ပို့၍ တိုင်ကြားနိုင်ပါသည်။ တိုင်ကြားစာ ရရှိသည်နှင့် ၀ယ်ယူထားသော ပစ္စည်းတန်ဖိုးငွေအား SkyDream Market မှ ခေတ္တထိန်းသိမ်း ထားမည် ဖြစ်သည်။ နှစ်ဦး နှစ်ဘက် ပြေလည်မှသာ မှန်ကန်သည့်ဘက် သို့ ၀ယ်ယူထားသော ပစ္စည်းငွေတန်ဖိုးကို လွှဲပေးမည် ဖြစ်သည်။